Friday, June 25, 2021

လူပါးကျတော့အဝမခံ by Bigg-Y of On Track lyrics

လူပါးကျတော့အဝမခံ

Bigg-Y of On Track

GENRE
Rap
Verse 1
ဘဝမှာ နိဒါန်းအသစ် တစ်ခုကို အစပျိုး
စာပေအရ ဒီဆန်းသစ်မှု နှစ်ဆတိုး
ငါ__မ ဘဝက လုပ်ချင်တာ လုပ်မရလို့
အနာဂါတ်တွေ အမှောင်ကျ သမိုင်းတွေညာလို့
ပျိုးခင်း..ကျဲသွားမယ့် ကိုယ့်လက်
ကျိုးရင်း လွဲမှားစွာ ခိုးဝှက်
ရိုးစင်းတဲ့ ဘဝဟာ မိုးမတက်လို့
အမျိုးချင်း ဆဲကြကာ ထိုးနှက်
မိုးလင်းကတည်းက ရှာတာ ကိုယ့်အတွက်

အများနဲ့ တော်တော် လွဲတဲ့ တစ်ဖက်လမ်း
လျှောက်ရဲရင်တော့ ပျော်ပျော်ပဲလေ ဖြတ်သန်း
စောက်တလွဲတွေရဲ့ အပေါ်ကျော်ခဲ့တာ မှတ်တမ်း
အောက်ဖဲတွေလည်း လျှော်လို့ မမှတ်မိဘူး ဘယ်နှစ်ချပ်မှန်း
တဖက်တလမ်းက ဖျော်ဖြေတယ်လို့ပဲ
ခံယူတယ် အပူများတော့ မျှမခံ
မုသားများကို ပြောလည်း ပုံရိပ်တန်ပြန်ထင်ဟပ်တတ်တဲ့
လူ သားများရဲ့ ဘဝ မှာ လူပါးကတော့ အဝမခံ
အဝမခံ အဝမခံ အဝမခံ
မုသားများကို ပြောလည်း ပုံရိပ်တန်ပြန်ထင်ဟပ်တတ်တဲ့
လူ သားများရဲ့ ဘဝ မှာ လူပါးကတော့ အဝမခံ
{ ဒီဂျေ နှုတ်ခမ်းမွှေး ကို ရှိုးလိုက်
မင်းတို့တွေ စိတ်ထဲကနေ ခိုးကြိုက် }

Verse 2
တခါတလေ လူတွေနဲ့ကင်းကင်းနေတာ ကောင်းတယ်
အလိုက်မသိ ဆိုင်းဘုတ်လုပ် အချင်းချင်းတွေလာ foul တယ်
ကိုယ့်ဘက်ကရောမှန်ရဲ့လား ရှင်းရှင်းတွေးပါ ခေါင်းထဲ
နှစ်ဘက်စလုံးအတွက် အစကတည်းကကြည့်
Win-Wiin Play တာ ကောင်းမယ်
ယိုင်လဲတဲ့ အတွေးအခေါ်တွေနဲ့ အရသာမဲ့ စာပေများ
အဆိပ်ကျွေးရင် ကျွေးလိုက်ကွာ
တစ်သက်လုံးတော့ ဒါတွေမစား
အရည်အချင်းက ဘာတွေများ ကွာလတီများ ကွာနေလား
ရုပ်ပေါက်လို့ ထိန်းမရတဲ့ မိန်းမအထာတွေမှာ
စိတ်ဆိုးလည်း ဆိုးပါစေ မဟုတ်တာတော့ အပြောမခံဘူး
တကယ်မတတ်ပဲနဲ့ တတ်ချင်ယောင်ဆောင်
ယုတ်မာလည်းကွာ ဒေါမကန်
သန်းခေါင်ထက်တော့ ညဉ့်နက်ကပိုပြီး စောမတန်ဘူး
လောကဓံဆူးကြားတောင် အမှတ်တရ သဘောမကျန်
နောက်ဆုံးအတူမျှကြပေါ့ ဘဝကံ
မုသားများကို ပြောလဲ ပုံရိပ်ပြန်ထင်ဟပ် လိုက်တော့
ဆူသွားကြရော အများအသံ လုစားကြပေါ့ ပွလံ
တူညီတဲ့အချက် တစ်ချက်က ဘယ်သူမှ
လူပါးကျတော့ အဝမခံ
အဝမခံ အဝမခံ အဝမခံ
ဆူသွားကြရော အများအသံ လုစားကြပေါ့ ပွလံ
တူညီတဲ့အချက် တစ်ချက်က ဘယ်သူမှ
လူပါးကျတော့ အဝမခံ

Related songs

Fuck the messClauneck Sixxx Soul TrainQuadeca Bounty KillerLikkle Dread Bwoy DAISIESAnonymou$ RAP$ ​stargazer焔魔るり End of ChristSevere Torture Ne gledaj me tako Scriptor & Calltrain The MeadowsBlue Saint EchoHasan NvmMaya_Brown1

No comments:

Post a Comment

Without Me by KIDZ BOP Kids lyrics

Without Me ...